နုန်းမြေပိတ်ဆို့မှုကြောင့် မိုးစပါးစိုက်ဧက (၃) သောင်းခန့် ရေနစ်မြုပ်မှုဖြစ်ပေါ်

မွန်ပြည်နယ် ပေါင်မြို့နယ်၊ ကျုံဟော်ရွာရှိ ကတိုက်ဆည်ရေထိန်းတံခါးမှာ နုန်းမြေများပိတ်ဆို့မှုကြောင့် ကျေးရွာ (၁၁) ရွာတွင် မိုးစပါးစိုက်ဧက သုံးသောင်းကျော်ခန့် ရေနစ်မြှပ်နေကြောင်း ဒေသခံ တောင်သူလယ်သမားများထံမှ သိရသည်။