မြန်မာအမျိုးသားလေကြောင်း (MNA)မှ မန္တလေး-မကွေး-မန္တလေး ခရီးစဉ်သစ်ကို ဇွန်လ (၁၄)ရက်နေ့မှစပြီး ပြေးဆွဲပေးမည်

မြန်မာအမျိုးသားလေကြောင်း (MNA)မှ မန္တလေး-မကွေး-မန္တလေး ခရီးစဉ်သစ်ကို ဇွန်လ (၁၄) ရက်နေ့မှစပြီး ပြေးဆွဲပေးမည်ဟု မြန်မာအမျိုးသားလေကြောင်းစီးပွားရေးဌာနမှ အရောင်းမန်နေဂျာ ဒေါ်စုစုလှိုင်၏ပြောကြား ချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ကျော်ဆန်းမာက ဆက်သွယ်မေးမြန်းထားပါသည်။