Dawei Watch

There is no Content.

Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင်ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ 

Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှု အလိုက် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။

နယ်စွန်နယ်ဖျားတို့မှ ပြည်သူတို့ အသံကို ပြည်ထောင်စုအဆင့်အထိ ကြားနိုင်စေရန်၊ ပြည်မနှင့် လက်လှမ်းဝေးသော နယ်စွန်နယ်ဖျားရှိ အရေးအရာကိစ္စများကိုတစ်နိုင်ငံလုံးရှိ လူထုများအာရုံထားနိုင်ရန်၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ယင်းသို့သော အရေးအရာ ကိစ္စများနှင့် ပတ်သက်ပြီး အစဉ်တစိုက် မြန်မြန်ဆန်ဆန် အထိန်းအထေပြုလုပ်နိုင်ရန် ရည်ရွယ်သည်။

ယင်းနောက် ဒေသတွင်း မွန်နှင့် တနင်္သာရီဒေသ ပြည်သူလူထုနှင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း လုပ်သား စာဖတ်ပရိသတ်များကို သီးခြား ပစ်မှတ်ထားနိုင်ရန် Dawei Watch မီဒီယာအုပ်စု၏ နောက်ထပ် လုပ်ငန်းခွဲတစ်ခုဖြစ်သည့် တနင်္သာရီအပတ်စဉ် သတင်းစာကို၂၀၁၃ ဇွန်လတွင် စတင်ထုတ်ဝေခဲ့သည်။

နိုင်ငံလုံးခြုံသတင်းစာများအနြေဖင့် တိုင်းနှင့် ပြည်နယ်များရှိအရေးအရာများကိုအစဉ်တစ်စိုက်
အာရုံထားနိုင်မှု အားနည်းသည့် ကွက်လပ်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပြီး ဒေသဆိုင်ရာ သီးသန့် မီဒီယာပလက်ဖောင်းတစ်ခုအဖြစ်ရပ်တည်ရန် ရည်ရွယ် ထုတ်ဝေသည်။

ပုံမှန် စာမျက်နှာ ၂၄ မျက်နှာ အနည်းဆုံး ပါရှိပြီး အချို့ အပတ်စဉ်များတွင် ကိစ္စရပ်နှင့် ကြော်ငြာ ရရှိမှု အနေအထားအလိုက် ၂၈ မျက်နှာ အထိ ပါရှိသည်။ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ဝေလျက်ရှိသည်။

ပုံမှန်အားဖြင့် နိုင်ငံလုံးလွှမ်းခြုံသည့်သတင်းစာများ  မရောက်နိုင်သည့် အစွန်အဖျားကြသော ကျေးရွာများအထိ ဖြန့်ချိရေးကွန်ရက် တည်ဆောက်ထားနိုင်သည်။