The Marnagar Journal

There is no Content.

            မားနဂါးဂျာနယ်သည် အမှီအခိုကင်းပြီး လွတ်လပ်သော ဒေသန္တရ မီဒီယာတစ်ခုအဖြင့် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် တစ်လတစ်ကြိမ်စတင်ထုတ်ဝေခဲ့ရာမှ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှစ၍ တစ်လနှစ်ကြိမ်ကို ယခုအချိန်ထိ ဆက်လက် ထုတ်ဝေဖြန့်ချီလျက် ရှိပါသည်။

မားနဂါးဂျာနယ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ  (ဂျာနယ်)  ထုတ်ဝေ ခြင်းလုပ်ငန်း   အသိအမှတ်ပြုလက်မှတ် - အမှတ် (ဝဝဝဝ၃) ရရှိခဲ့ပြီး မြန်မာနှင့် တအာင်း(ပလောင်) ဘာသာနှစ်မျိုးဖြင့် ထုတ်ဝေသော တိုင်းရင်းသားဂျာနယ် (သို့) ဒေသန္တရာအခြေစိုက်ဂျာနယ်တစ်စောင် ဖြစ်ပါသည်။

            မားနဂါးဂျာနယ်၏ ခံယူထားသည့်  တာဝန်သည်  တအာင်းဒေသတွင်း ဖြစ်ပျက်သည့် သတင်းများကို တိကျမှန်ကန်ပြီး သမာသမတ် နည်းလမ်းကျကျဖြင့် တင်ပြထုတ်ဖော်သည့် သတင်းဌာနတစ်ခု ဖြစ်သည်။

            ပဋိပက္ခများနှင့် ပြဿနာပေါင်းစုံ  ပြည့်နှက်နေသည့် ကမ္ဘာကြီး၊ မြန်မာနိုင်ငံနှင့်  တအာင်းဒေသအတွင်း၊ မိသားစုအတွင်း၊  လူထုအသိုင်းအဝိုင်း အတွင်း ယောက်တိုင်းကိုယ်စီ အမှန်တရားကို ကျင့်ကြံလုပ်ဆောင်သွားရန် မီဒီယာလုပ််ငန်းသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ရပ်တည်ပြီး အာဏာအလွဲသုံးစားမှုများ၊ မပြီးဆုံးနိုင်သည့် အငြင်းပွားဖွယ်မှုများနှင့် ဒီမိုကရေစီ  အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို  တစ်ထောင့် တစ်နေရာကနေ ပြောင်းလဲမှု  တစ်ခု   ဖြစ်သွားအောင်  တွန်းပို့သွားနိုင်သည်ဟု  ယုံကြည်ပါသည်။

            လွတ်လပ်ပြီး  အမှီခိုကင်းသည့်  မီဒီယာ လုပ်ငန်းစုများသည် ပြဿနာ ဖန်တီးမှုကို လုပ်ဆောင်နေခြင်း မဟုတ်ပဲ  ပြဿနာကို  ဖြေရှင်းလုပ်ဆောင်သည့်လုပ်ငန်းစုဖြစ်ပြီး တအာင်းစာဖတ်ပရိသတ် ပြည်သူများအတွက် တရားမျှတမှုကို ရှာဖွေနေသည့် မီဒီယာအင်အားစု တစ်ခု ဖြစ်သည်။

            တအာင်းလူမျိုးဖွံ့ဖြိုးတိုးတက်ရန်၊ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန်နှင့် ပြီးပြည့်စုံသည့် ဒီမိုကရက်တစ် လူ့အသိုင်းအဝိုင်း ဖန်တီးရန်အတွက် လွတ်လပ်သည့် မီဒီယာအင်အားစု တစ်ခုမရှိလျှင် ဒီမိုကရေစီ လူ့အသိုင်းအဝိုင်း မဖြစ်လာနိုင်ဟု ယုံကြည်ပါသည်။

            မားနဂါးဂျာနယ်၏  ပထမဆုံးတာဝန်သည်  တအာင်း ပြည်သူလူထု အတွက် ဖြစ်ပြီး  တအာင်းလူထု၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာတို့ကို မြှင့်တင် ကာကွယ် စောင့်ရှောက်ရာတွင် ဘက်လိုက်မှုနှင့် အခြားသူတစ်ပါး၏ လွှမ်းမိုးမှုမှ ရှောင်ကြဉ်ပြီး  လွတ်လပ်သည့်  မီဒီယာတစ်ခု ဖြစ်လာနိုင်အောင်  လုပ်ဆောင်ရန် တာဝန်တစ်ခု ရှိပါသည်။

            မားနဂါးဂျာနယ်သည်  သတင်းအချက်အလက်များနှင့်   ထင်မြင်ယူဆ သုံးသပ်ချက်များကို ယုံကြည်အားကိုးသည့် သတင်းအရင်းအမြစ်ထံတွင်သာ အချက်အလက် ရယူစုဆောင်းပြီး မည်သည့် အစိုးရအဖွဲ့အစည်း၊ မည်သည့် နိုင်ငံရေးပါတီနှင့်  မည်သည့် အခြားလက်နက်ကိုင် အဖွဲ့အစည်းနှင့်  မသက်ဆိုင်ဘဲ လွတ်လပ်သည့် သတင်းမီဒီယာအဖွဲ့အဖြစ် ရပ်တည်လာခဲ့သည်။

            မားနဂါးဂျာနယ်သည် အခြားမည်သည့် အဖွဲ့အစည်းများ၏ အကြောင်းတစ်ခုခုအတွက် ခုတုံးလုပ်  စည်းရုံးရေး  ဝါဒဖြန့်ချီသည့် မီဒီယာအဖွဲ့ မဟုတ်ဘဲ လွတ်လပ်သည့်   မီဒီယာ အခွင့်အရေးကို  မိမိရရ ဆုပ်ကိုင်ပြီး တအာင်းလူမျိုးအတွက် လွတ်လပ်သည့် မီဒီယာအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေပါသည်။