မီဇိုရမ်တွင် မျက်ကြည်လွှာအလှူရှင် ခြောက်ထောင်ကျော်ရှိ

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်အတွင်း မျက်ကြည်လွှာလိုအပ်နေသူများအတွက် မျက်ကြည်လွှာအလှူရှင် ခြောက်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့မှစ၍ စက်တင်ဘာ (၈) ရက်နေ့အထိ မီဇိုရမ်တွင် (၃၃) ကြိမ်မြောက် National Eye Donation Fortnight ကျင်းပပြုလုပ်ခဲ့ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

အဆိုပါ နေ့ရက်များတွင် မီဇိုရမ်ပြည်နယ်ရှိ MUP, YMA နှင့် MHIP အဖွဲ့အစည်းများမှ ဒေသအသီးသီးရှိ ကျောင်း၊ တက္ကသိုလ်များတွင် Awareness Campaign ပြုလုပ်ခဲ့ကြပြီး မျက်ကြည်လွှာအလှူရှင် (၁၁၄၅) ဦးရှိကြောင်းသိရသည့်အပြင် နောက်ထပ်လှူဒါန်းမည့်သူ (၆၅၁၃) ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောလ်ပြည်သူ့ဆေးရုံးကြီး၌ Eye Bank ကို ၂၀ဝ၈ ဇူလိုင်လ (၃၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၄င်းအချိန်မှစ၍ ၂၀၁၈ ခုနှစ် စက်တင်ဘာ (၆) ရက်နေ့အထိ သေဆုံးပြီးတဲ့နောက် မျက်ကြည်လွှာလှူဒါန်းဖို့ စာရင်းပေးသွင်းသူ (၅၃၆၈) ဦးရှိပြီး မျက်ကြည်လွှာအစားထိုးရန်လိုအပ်သူ (၃၁၄) ဦးရှိကြောင်း သိရသည်။ ယနေ့အချိန်အထိ ကွယ်လွန်ပြီး​​နောက် မျက်ကြည်လွှာလှူဒါန်းသူ ဦးရေ (၃၄၈) ဦး ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။