မန္တလေးခရိုင်ရှိ အသက် (၆၅)နှစ်နဲ့အထက် အဘိုး၊အဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

မန္တလေးခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ အသက် (၆၅)နှစ်နှင့်အထက် အဘိုး၊အဘွား (၁၂၀၀)ကျော်ကို ဇူလိုင်လ (၂၅) ရက်နေ့က လက်ကျန် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၄) ဦးသိန်းဌေး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် အောင်ဇေယျာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။