ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄) မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ အခမဲ့စစ်ဆေးခြင်း လုပ်ဆောင်ပေး နေပြီဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄) မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာသံသယရှိသူ မည်သူမဆို ရောဂါပိုး ရှိ/မရှိကို အခမဲ့စစ်ဆေးရန် နေရာများကို ဇူလိုင် (၂၆) ရက်နေ့မှစပြီး ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်သည်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း ၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။