အစိုးရရုံးပိတ်ရက်ကာလများအတွင်း ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့(CNG)အရောင်းဆိုင်များအား ကိုဗစ် စည်းကမ်းနှင့်အညီ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချ

အစိုးရရုံးပိတ်ရက်ကာလများအတွင်း ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့ (CNG)အရောင်းဆိုင်များအား နေ့စဉ် မနက် (၆) နာရီမှ ညနေ(၆)နာရီအထိ ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိ တယ်လို့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေ မန်နေဂျာ ဦးကျော်သူရဝင်းရဲ့ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။