မြန်မာနိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်မှာ ကျွဲ၊ နွားများမှာ ဖြစ်ပွားတတ်တဲ့ ခွာနာ၊ လျှာနာရောဂါ ကင်းစင်စေရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိတယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမောင်ရဲ့ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နေမိုးသွင်က ဆက်သွယ်မေးမြန်းထားပါသည်။