နိုင်ငံတကာသတင်း (နံနက်ပိုင်း)

ဇူလိုင်လ (၂၁)ရက်နေ့ မနက်ပိုင်းမှာ ရုရှားသမ္မတဗလာဒီမီယာပူတင်ဟာ စွမ်းအင်ဈေးနှုန်း မြင့်တက်မှုတွေနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေကို ပြစ်တင်ဝေဖန်ခဲ့တဲ့သတင်းနဲ့ သီရိလင်္ကာ နိုင်ငံရဲ့သမ္မတသစ်အဖြစ် ယာယီသမ္မတရာနေး-ဝတ်ခရီမန်ဆင်းကို ရွေးချယ် တင်မြှောက်လိုက် တဲ့သတင်းစတဲ့သတင်းတွေ အပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို ဒေါ်မေသူစိုးက တင်ပြထားပါတယ်။