ကချင်ပြည်နယ်အတွင်းရှိ နယ်စပ်ဝင်ထွက်ပေါက်များတွင် စနစ်တကျ ကြပ်မတ်စစ်ဆေးပြီး ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းကြည်ပြာက ဆက်သွယ် မေးမြန်းထားပါသည်။