ယခုနှစ် ပြည်ပဆန်တင်ပို့မှုတွင် ဈေးကွက်ခိုင်မာမှုရှိပြီး အရောင်းသွက်

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လက်ရှိဆန်တင်ပို့မှုတွင် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ခိုင်မာသည့် ဈေးကွက်အနေအထားဖြင့် တင်ပို့မှုရှိနေပြီး ဆန်နှင့်ဆန်ကွဲပါ အရောင်းသွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဘုရင့်နောင် ကုန်စည်ဒိုင် (ရန်ကုန်)မှ အတွင်းရေးမှူး ဦးသန်းဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်း ထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။