၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ဆုရွေးချယ်ခြင်း၊ ရွှေကြိုမောင်မယ်ရွေးချယ်ခြင်း၊ ဆုရကောက်နုတ်ချက်များ ပြသခြင်း၊ ဖိတ်ကြားရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း စသည့်ကဏ္ဍများကို တာဝန်ယူဆောင်ရွက်နေခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး (၃) ဦးချမ်းသာကြည်စိုးနှင့် မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်းထားပါသည်။