(၄၇)ကြိမ်မြောက် နိကာယ်ငါးရပ် စာလျှောက်မေးပွဲကို (၆) ရက်တိုင်တိုင် ကျင်းပသွားမည်

နိုင်ငံတော်အစိုးရက နှစ်စဉ်ကြီးမှူး ကျင်းပလျက်ရှိသော တိပိဋကဓရ စာမေးပွဲကြီးကို ပေါင်းကူးတံတားသဖွယ် တိုက်ရိုက်အထောက်အကူပြုနိုင်ရန်နှင့် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံဆောင် သုတဗုဒ္ဓ သာသနာ့အာဇာနည် အရှင်မြတ်များ ပေါ်ထွက်လာရန်ရည်ရွယ်ပြီး နိကာယ်ငါးရပ် စာလျှောက်မေးပွဲကို နိုဝင်ဘာ(၃၀)ရက်မှ ဒီဇင်ဘာ(၅)ရက်အထိ ရန်ကင်းမြို့နယ်၊ ကံဘဲ့ဘူတာရုံလမ်းရှိ ပဥ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက်၌ ကျင်းပလျက်ရှိခြင်းနှင့် ပတ်သက်ပြီး ပဥ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက် မဟာနာယကချုပ်ဆရာတော် အရှင် ဦးသဇ္ဇန၊ တိပိဋကဓရ ဆရာတော် အရှင်ပညာသိရီင်္ကာရနှင့် နိကာယ်သာသနာတော် ထွန်းကားရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းလွင်တို့နှင့် မြန်မာ့အသံသတင်းထောက်စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။