(၄)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာအမျိုးသမီးအသင်း ပြန်လည်ရောက်ရှိ

နီပေါနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် (၄) နိုင်ငံ အုပ်စုပတ်လည် အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဖေ‌ဖော်ဝါရီ (၁၇) ရက်‌နေ့မှ (၂၆) ရက်နေ့အထိ ကျင်းပခဲ့ရာ မြန်မာအမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းသည် ပြိုင်ပွဲတစ်လျောက် ရှုံးပွဲမရှိ စံချိန်ဖြင့် ချန်ပီယံဆုရရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး မြန်မာအမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်၊ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းနှင့် မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က တွေ့ဆုံမေးမြန်း ထားပါသည်။