(၅၇)နှစ်ပြည့်အာဆီယံထူထောင်ခြင်းအထိမ်းအမှတ်(၂၀၀)ကျပ်တန်နေပြည်တော်ဗဟိုစာတိုက်ကြီးပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်း ရောင်းချ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၂၀၂၄ ခုနှစ် (၅၇)နှစ်ပြည့် အာဆီယံထူထောင်ခြင်း အထိမ်းအမှတ်အဖြစ် နေပြည်တော်ဗဟိုစာတိုက်ကြီးပုံဖြင့် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ဩဂုတ် (၈)ရက်နေ့မှစပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်နက်တည်း ရောင်းချပေးလျက်ရှိခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များအသင်းဥက္ကဋ္ဌ ဦးမြသောင်း၊ တံဆိပ်ခေါင်းစုဆောင်းသူ ပြင်ပဝါသနာရှင် ဦးအောင်ကိုတို့နှင့် မြန်မာ့အသံသတင်းထောက် ကျော်သက်အောင်က တွေ့ဆုံမေးမြန်းထားပါသည်။