(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ (၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်မည်

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် မတ်လ (၁၇)ရက်မှ (၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်မှာနှင့်ပတ်သက်ပြီး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ရတနာပြပွဲဆိုင်ရာ ဥပဒေရေးရာဌာနမှ ဒု-အထွေထွေမန်နေဂျာ၊ ဦးခင်မောင်လွင်နှင့် မြန်မာ့အသံသတင်းထောက် စန်းကြည်ပြာက ဆက်သွယ်မေးမြန်းထားပါသည်။