(၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု ချီးမြှင့်ပွဲကို ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျင်းပမည်

(၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု ချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၁) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသွားမည်နှင့် ပတ်သက်ပြီး ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်စာတည်းမှူးချုပ် ဒေါက်တာတိုးကျော်၊ အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီးတက္ကသိုလ်မြတ်သူတို့နှင့် မြန်မာ့အသံသတင်းထောက်စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။