အိန္ဒိယနိုင်ငံက ကြက်သွန်နီတင်ပိုအခွန်တိုးမြှင့်လိုက်သဖြင့် ပြည်ပနိုင်ငံများမှ မြန်မာ့ကြက်သွန်နီကိုဝယ်ယူမှု မြင့်တက်လာ

အိန္ဒိယနိုင်ငံက ကြက်သွန်နီ ပြည်ပ တင်ပိုကုန်အခွန်ကို တိုးမြှင့်လိုက်သည့် အတွက် ပြည်ပနိုင်ငံတစ်ချိုမှ မြန်မာ့ ကြက်သွန်နီကို တိုးမြှင့်မှာယူခြင်းများ ရှိလာပြီး ပြည်တွင်းဈေးကွက်မှာလည်း ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပေမယ့် လက်ရှိတွင် ပြည်ပဝယ်လိုအား အနည်းငယ်လျော့ကျလာသည့်အတွက် ပြည်တွင်း ကြက်သွန်နီဈေးနှုန်း ကျဆင်းလာ နိုင်သည်ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပိုရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေမှတွေ့ဆုံမေးမြန်း ထားပါသည်။