အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး ကျေးရွာစီမံကိန်း လုပ်ငန်းများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၄၀၀) လွှဲပြောင်းပေးအပ်ခဲ့သည့်သတင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မော်တော်ယာဉ်နှင့် သွားလာနေသည့်ပြည်သူများအား မီးသတ်ဦးစီးဌာနသို့ အရေးပေါ်ကိစ္စများ ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ် စတစ်ကာများ တပ်ဆင်ပေးခဲ့သည့် သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာ သတင်းများကို စုစည်းတင်ပြထားပါသည်။