အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် MSME လုပ်ငန်းနှင့် မျိုးစေ့ထုတ်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေမှ ငွေကျပ် (၁၃၅) သန်းကျော် ထုတ်ချေးပေးထားသည်ဆိုသည့်သတင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့သည့်သတင်းများအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာ သတင်းများကို စုစည်းတင်ပြထားပါသည်။