အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနမှ တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်းမပေါ်တွင် သံကူကွန်ကရစ်တံတားငယ် (၂) စင်း တည်ဆောက်ပြီး ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဆိုသည့်သတင်းနှင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သရက်တောကျေးရွာတွင် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေပေးခဲ့သည့် သတင်းများအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာ သတင်းများကို စုစည်းတင်ပြထားပါသည်။