အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာ (၃)ရွာမှ ရေတွင်း (၆၂)တွင်းအား တွင်းဆေး တွင်းမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည့်သတင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပခဲ့သည့်သတင်း အပါအဝင်အခြားစိတ်ဝင်စားဖွယ်ရာ သတင်းများကို စုစည်းတင်ပြထားပါသည်။