အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများ ဖြန့်ဖြူးရောင်းချပေးခဲ့သည့်သတင်းနှင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္ထရာမြို့နယ်၊ အ.ထ.က(စေတုတ္ထရာ)တွင် အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပခဲ့သည့်သတင်းအပါအဝင် စိတ်ဝင်စားဖွယ်ရာသတင်းများကို စုစည်းတင်ပြထားပါသည်။