အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးတောင်သူများကို ဓာတ်မြေဩဇာသွင်းအားစုများ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည့်သတင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကြို့ (ဂျို့) ကုန်းကျေးရွာတွင် မွေးမြူရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူးထားသည့် နွားများပြန်လည်ပေးအပ်ပွဲနှင့် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည့် သတင်းအပါအဝင် စိတ်ဝင်စားဖွယ်ရာသတင်းများကို စုစည်းတင်ပြထားပါသည်။