အမြို့မြို့အနယ်နယ်သတင်းအစီအစဉ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး၏ တောင်တော်ဖွင့်ပွဲကျင်းပပြုလုပ်တော့ မည်ဖြစ်ရာ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်များကို အောက်တိုဘာလ (၁) ရက်နေ့မှစတင်ပြီး ပြေးဆွဲပေးသွားမည်ဆိုသည့်သတင်းနှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်ဇေယျာရပ်ကွက်၊ ပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့ အကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည့် သတင်းအပါအဝင် စိတ်ဝင်စားဖွယ်ရာသတင်းများကို စုစည်း တင်ပြထားပါသည်။