တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေကို တစ်နေရာတည်းတွင် စုံလင်စွာလေ့လာနိုင်မည့် အမျိုးသားပြတိုက်(ရန်ကုန်)သို့ ပြည်သူများလာရောက်ရန်အတွက် ဖိတ်ခေါ်ထားသည်ဟု အမျိုးသားပြတိုက် (ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောင်ငင်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သဇင်အောင်က ဆက်သွယ်မေးမြန်း ထားပါသည်။