အနာဂတ်များလှစေချင်အစီအစဉ်

ယခုတစ်ပတ်အနာဂတ်များလှစေချင်အစီအစဉ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးအန္တရာယ်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိနိုင်စေရန်ရည်ရွယ်ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်အသိပညာပေး ဟောပြောပွဲများကို ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှာပါ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားချက်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သင်ခန်းစာယူပြီး ပြန်လည်ထူထောင်ရေးသင်တန်းက သင်ကြားပေးလိုက်သည့် သက်မွေးပညာရပ်များနှင့် ဘဝကိုကောင်းမွန်စွာတည်ဆောက်သွားမည့်အကြောင်း ပြောကြားချက်နှင့် တစ်ပတ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများကို စုစည်းတင်ပြပေးထားပါသည်။