အထက (၁) ဒဂုံကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတန်းကူးပြောင်းစာရင်းနှင့် အောင်စာရင်းများ ထုတ်ပြန်ကြေညာခြင်း

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြခံပညာအတန်းများအတွက် စာမေးပွဲအောင်စာရင်းများကို မေလ (၁၅) ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ‌ကျောင်းများအလိုက် ထုတ်ပြန်ကြေညာပေးခဲ့ရာ အထက (၁) ဒဂုံကျောင်းတွင်လည်း အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း‌ဒေသကြီး ပညာရေးမှူးရုံးမှ တိုင်းပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ အထက (၁) ဒဂုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ စန္ဒာမြငြိမ်း၊ ကျောင်းသားမိဘတစ်ဦးနှင့် မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က တွေ့ဆုံမေးမြန်းထားပါသည်။