AYA Pay Futsal Championship 2024 ပြိုင်ပွဲ ဩဂုတ်လ (၂၄)ရက်နေ့တွင် စတင်ကျင်းပမည်

AYA Pay Futsal Championship 2024 ပြိုင်ပွဲအတွက် ပံ့ပို့ကူညီပေးထားသည့် ကုမ္ပဏီများနှင့် သဘောတူစာချုပ်၊ ချုပ်ဆိုပွဲနှင့် အုပ်စုမဲခွဲပွဲ အခမ်းအနားကို ဩဂုတ်လ (၂၁)ရက်နေ့က သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်းနှင့် မြန်မာ့အသံသတင်းထောက် ကျော်သက်အောင်က တွေ့ဆုံမေးမြန်းထားပါသည်။