ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အာလူးအဝင်နည်းသဖြင့် အာလူးဈေးနှုန်း မြင့်တက်မှုရှိနေ
ရန်ကုန်မြို့၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ်အာလူးပိဿာချိန် (၁၀,၀၀၀)ခန့် တင်ဆောင်ထားသည့် ကုန်တင်ကားအစီးရေ (၂)စီးသာ ဝင်ရောက်မှုရှိနေသဖြင့် အာလူးဈေးနှုန်း အမြင့်ဘက်သို့ ရောက်ရှိနေသည်ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။