စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချမှုကို ပိုမိုအဆင်ပြေလျင်မြန်စေရန် ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီး၊ စားအုန်းဆီ အိမ်တိုင်ရာ‌ရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄၄)မြို့နယ်တွင် တစ်လအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၂ ပိဿာ ၇၅ ကျပ် သား)နှုန်းဖြင့် အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာတွင် ပိုမိုလျင်မြန်စွာ ပို့ဆောင်ပေးနိုင်ရန်အတွက် အောက်တိုဘာမှစ၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ (၆)ခုအထိ တိုးချဲ့ဖြန့်ဖြူရောင်းချပေးသွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးပိုင်ဖြိုးသန့်၏ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။