စားအုန်းဆီများ အိမ်တိုင်ရာရောက်ရောင်းချပေးနေမှု

ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီက Door to Door စနစ်ဖြင့် စားအုန်းဆီ အိမ်အရောက်ပို့စနစ်အား ဇူလိုင် (၃၁) ရက်နေ့မှစပြီး Call Center ဖုန်းနံပါတ် ၀၁ -၂၃၉၉၂၂၂ (လိုင်းခွဲ - ၇လိုင်း)ဖြင့် တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်မပါ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၃)နာရီခွဲအတွင်း မှာယူနိုင်ရန် စီစဉ်ထားသော်လည်း ဖုန်းခေါ်ယူမှုများအဆမတန်များပြားလျက်ရှိနေသည့်အတွက် ဖုန်းနံပါတ်နှင့် အချိန်များ တိုးမြှင့် လက်ခံပေးလျက်ရှိခြင်းနှင့် ပတ်သက်ပြီး Blue Ocean Operating Management မှ Business Manager ဒေါ်ချောရူပါတင့်နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။