စာဆိုဗိမာန်ပေါ်ထွက်လာမှုအပေါ် စာဆိုပညာရှင်ကြီးများက ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆို

မြန်မာနိုင်ငံ၏ ခေတ်မီသမိုင်းဝင် အဆောက်အဦအဖြစ် ဝင့်ထည်စွာတည်ရှိနေမည့် စာဆိုဗိမာန်ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်း၊ အမှတ်(၁၈)အေရှိ မြေဧက (၂ ဒသမ ၁၈) ဧကပေါ်တွင် တည်ဆောက်နေခြင်းနှင့်ပတ်သက်ပြီး စာပေပညာရှင်ကြီးများဖြစ်သည့် စာရေးဆရာကြီး ဒေါက်တာ ထွန်းတင့် (မြန်မာစာ)၊ စာရေးဆရာမ မစန္ဒာ၊ စာရေးဆရာ ဒေါက်တာမျိုးသန့်တင်တို့နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။