စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ငလျင်ဒဏ်သင့်ခဲ့ပြီး ကျောင်းဆောင်များ ပျက်စီးသွားခဲ့သော်လည်း ယာယီကျောင်းဆောင်များ ဆောက်လုပ်ပြီး ဇွန်လ(၂)ရက်နေ့မှ ဖွင့်လှစ်သင်ကြားပေးနေခြင်းနှင့်ပတ်သက်ပြီး စစ်ကိုင်း ခရိုင်ပညာရေးမှူး ဦးရဲထွဋ်၊ အ.လ.ကခွဲ ထူပါရုံကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်သင်းကျော်၊ ကျောင်းသား မိဘတစ်ဦးတို့နှင့် မြန်မာ့အသံသတင်းထောက် အောင်ဇေယျာဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။