ဆန်အိတ်များ အိမ်အရောက်ပို့စနစ်ဖြင့် အိမ်ထောင်စုပေါင်း (၁,၀၀၀) ကျော်ကို ရောင်းချပေးခဲ့ပြီးဖြစ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်ပေးလျက်ရှိသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း အိမ်အ‌ရောက်ပို့စနစ်ဖြင့် ဆန်အိတ်များရောင်းချပေးခြင်းကို ဇူလိုင် (၁၀) ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုပေါင်း (၁,၀၀၀) ကျော်နှင့် ဌာနဆိုင်ရာ မှာယူမှုများကို ရောင်းချပေးလျက်ရှိခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။