ဆည်တော်ကြီးရေလှောင်တမံမှ စိုက်ပျိုးရေပေးဝေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံမှ စိုက်ပျိုးရေဖြင့် နွေစပါး(၆၉,၃၂၇) ဧက နှင့်နွေနှမ်း (၃,၉၇၂)ဧက စုစုပေါင်း (၇၃,၂၉၉) ဧကအတွက် စိုက်ပျိုးရေပေးဝေသွားမည်ဖြစ်ရာ လက်ရှိ နွေစပါး (၄,၈၀၀) ဧက ကျော်စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်ဟု တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် အောင်ဇေယျာဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။