မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးတွင် သင်္ကြန်ကာလအတွင်း ဘုရားဖူး ပြည်သူ (၂၄၀,၀၀၀) ကျော် လာရောက်ဖူးမြော်ခဲ့သည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှ၏ ပြောကြားချက်အရ သိရပါသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်းထားပါသည်။