E Market Place for Myanmar Products Platform ကို အကောင်အထည်ဖော် တည်ဆောက်နိုင်ခဲ့

မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် MSME ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ပိုမိုရရှိစေရန်နှင့် Digital စနစ်တွင် လိုက်ပါဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး E- Market Platform ပေါ်ရှိ MSME ထုတ်ကုန် အရောင်းပြခန်းများကို ပထမဆုံး အကာင်အထည်ဖော် တည်ဆောက်နိုင်ခဲ့ သည်ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်းထားပါသည်။