ဧရာဝတီမြစ်ရေလမ်းသတိပေးချက်အား လိုက်နာရန် လိုအပ်

ဧရာဝတီမြစ်ရေသည် လာမည့်သတင်းပတ်အတွင်း မန္တလေးမြို့၏ ရေနည်းသတိပေးမှတ်အောက် ဆက်လက်တည်ရှိနိုင်ခြင်းကြောင့် ရေလမ်းသတိပေးအကြံပြုနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်သင့်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် ကြည်ပြာဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။