ဇွန်လ (၂၅)ရက်နေ့ ည(၈)နာရီ နိုင်ငံတကာသတင်း

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က သူ့၏ မြောက်ကိုရီးယားခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် မကြုံဖူးသည့်အဆင့်ကို ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည့်သတင်း၊ (၁၉)ကြိမ်မြောက် အာရှ-ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (ACD)ဝန်ကြီးအဆင့် အစည်းအဝေးကို အီရန်နိုင်ငံတွင် ကျင်းပခဲ့သည့်သတင်း စသည့်သတင်းများအပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဦးကျော်သက်က တင်ပြထားပါသည်။