ဇွန်လ (၉) ရက်နေ့ မနက်ပိုင်း နိုင်ငံတကာသတင်း

နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေစိုးမိုးမှုကို ခြိမ်းခြောက်မှုများရှိလာရင် နျူကလီးယားလက်နက်များကို အသုံးပြုနိုင်သည်ဟု ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ထပ်မံပြောကြားခဲ့သည့်သတင်းနှင့် တူကီယဲအစိုးရက ပြည်တွင်းရှိ ဂျုံထုတ်လုပ်သူများကို အကာအကွယ်ပေးဖို့ ဂျုံတင်သွင်းမှုကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့သည့်သတင်း စသောသတင်းများအပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဒေါ်ခင်သက်ဆွေက တင်ပြထားပါသည်။