ဇွန်လ(၂)ရက်နေ့ ည(၈)နာရီ နိုင်ငံတကာသတင်း

ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် (၆)နှစ်ကြာ ဆိုင်းငံ့ထားခဲ့သည့် ကာကွယ်ရေးဝန်ကြီးများအကြား ဆွေးနွေးဖလှယ်မှုများ ပြန်လည်စတင်ရန် သဘောတူခဲ့သည့်သတင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့ဝင် နိုင်ငံများသည် ကပ်ရောဂါဆိုင်ရာ သဘောတူညီချက်အတွက် ညှိနှိုင်းမှုများကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးခဲ့သည့်သတင်း အပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဒေါ်ခိုင်ဇာဝင်းက တင်ပြထားပါသည်။