မြန်မာ့ရိုးရာ ကြိမ်၊ ဝါးလက်မှုအချောထည်ပစ္စည်းများ လူကြိုက်များပြီး ပြည်တွင်းဈေးကွက်တွင် အခိုင်အမာရပ်တည်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် ဦးနေထွန်းမင်း၏ ပြောကြားချက်အရသိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။