ကျိုင်းတုံမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ(၁)ရက်မှ (၃၀)ရက်နေ့ထိ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်မြို့နယ်လုံး၏ (၂၀) ရာခိုင်နှုန်းခန့် စာရင်းကောက်ယူရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူ၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်းထားပါသည်။