ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ

အမျိုးသားအသင်းပေါင်း(၁၉၁)သင်းဖြင့် ဖွဲ့စည်းထားသည့် ကြက်ခြေနီလူမှုကရုဏာကွန်ယက်ကြီးကို စတင်အုတ်မြစ် ချပေးခဲ့သူ ဟင်နရီဒူးနန့်၏ မွေးနေ့ မေလ(၈)ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ်သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ယခုနှစ်မှာ (၇၇)ကြိမ်မြောက် အဖြစ်ကျင်းပခဲ့ခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်၊ ဂုဏ်ပြုဆုချီးမြှင့် ခံရသူ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် မြန်မာ့အသံ သတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။