ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါ(၁၃)မျိုးကို ကာကွယ်နိုင်မည့် ကာကွယ်‌ဆေးများ ထိုးနှံ‌ပေးလျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးနေသည့်အတွက် နီးစပ်ရာကျန်းမာရေးဌာနများနှင့် ဆေးရုံကြီးများတွင် ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာသက်စုမွန်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် သဇင်အောင်က ဆက်သွယ်မေးမြန်းထားပါသည်။