ကူးစက်မြန်မျက်စိနာရောဂါ ကာကွယ်ရန် ရောဂါဖြစ်သူနှင့် အနီးကပ်နေခြင်း၊ အသုံးအဆောင်ပစ္စည်းများ အတူအသုံးပြုခြင်း မပြုလုပ်သင့်

လတ်တလောတွင် မျက်မြှေးရောင်ရောဂါ (ခေါ်) မျက်စိနာရောဂါဖြစ်ပွားမှုများနေ၍ သတိပြုကာကွယ်ရမည့် အချက်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိပြီး ရောဂါဖြစ်သူ၏ အသုံးအဆောင်များအား ကိုင်တွယ်သုံးစွဲခြင်းနှင့် နီးကပ်စွာ အတူနေထိုင်ခြင်းများမှ ရှောင်ကြဉ်ရန်နှင့် လူဦးရေများသော လုပ်ငန်းခွင်များတွင် တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သဖြင့် အထူးသတိပြုရန်လိုအပ်ကြောင်း ရန်ကုန်မျက်စိ အထူးကုဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာခင်ဥမ္မာခိုင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။