လှိုင်သာယာမြို့နယ် အ.ထ.က (၁၄)ရှိ မြန်မာ-တရုတ်ချစ်ကြည်ရေးကျောင်းဆောင်အား ပြုပြင်မွမ်းမံပြီးစီး

လှိုင်သာယာမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်း‌ကျောင်းရှိ မြန်မာ-တရုတ်ချစ်ကြည်ရေး ကျောင်းဆောင်အား မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ယူပြုပြင်ပေးခဲ့ရာ မွမ်းမံပြင်ဆင်ပြီးစီးသည့်အတွက် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးရဲနိုင်စိုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုတို့နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံ‌မေးမြန်းထားပါသည်။