လည်ပင်းကျီးပေါင်းနှင့် ခါးကျီးပေါင်းရောဂါနှင့်ပတ်သက်ပြီး သတိပြုနေထိုင်သင့်

ကျီးပေါင်းရောဂါများထဲမှ လည်ပင်းကျီးပေါင်းနှင့် ခါးကျီးပေါင်းရောဂါများသည် အများအားဖြင့် အသက်အရွယ်ကြီးရင့်သည့် လူကြီးပိုင်းတွင် အဖြစ်များသော်လည်း ယခုနောက်ပိုင်းတွင် လူငယ်များမှာပါ ဖြစ်ပွားလာသည့်အတွက် နေထိုင်သွားလာမှုပုံစံများ သတိပြုနေထိုင်သင့်သည်ဟု ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီး၊ ကျောရိုးခွဲစိတ်ဌာနမှ ပါမောက္ခ ဒေါက်တာ သိန်းအောင်ကျော်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။